Tuesday, November 1, 2011

အာခိမိဒိ...ဂရိ ပညာရှင်(ဘီစီ ၁၈၇-၁၁၂)

အာခိမိဒိ

          ကျွန်တော်တို့ ကျောင်းတွေမှာ သင်္ချာပညာသင်တဲ့အခါ ဂျီသြောမေတြီ ဘာသာရပ်ကို သင်ကြားရင်း ပိုက်သာဂိုရပ် သီအိုရီဆိုတာကို စတင် ရင်းနှီးခွင့်ရပါတယ်။  ဒါပေမယ့် ပိုင်သာဂိုရပ်ဆိုတာ ဘယ်သူမှန်းမသိတာ ကျွန်တော် ၈ တန်းကျော်လောက်အထိပါ။  ဆရာမကိုမေးတော့ ပိုင်သာဂိုရပ်ဆိုတာ ဂရိက သင်္ချာပညာရှင်တဲ့။  သူက ဘယ်လိုလူမျိုးလဲ ဆက်မေးတော့ စာဆက်သင်စရာရှိတာနဲ့ ဒီမှာတင် အဆုံးသတ်သွားပါတယ်။   ကျောင်းတွေမှာက သင်္ချာဆို သင်္ချာတစ်မျိုးဘဲသင်လေတော့ ဘာကြောင့် ဒီလူကြီး ဒီလိုတွေထွင်ရတယ် ဆိုတာကို အရမ်းစိတ်ဝင်စားခဲ့ရပါတယ်။  နောက်ပိုင်း စိတ်ဝင်စားလို့ ဟိုစာအုပ် ဒီစာအလုပ်တွေကို လျှောက်ဖတ် လေ့လာတော့မှ ရာဇ၀င်တွေကို သိရှိလာခဲ့ရတာပါ။